• Winners Academy Myanmar Private School
  • Winners Academy Myanmar Private School
  • Winners Academy Myanmar Private School
  • Winners Academy Myanmar Private School

Welcome Winners'

ကျောင်းသား/သူ မိဘများအားလုံး - မင်္ဂလာပါ။ Winners' Academy ကိုတည်ထောင်သူ၏ အမည်မှာ ဒေါ်နန်းသိန်းခင် ဖြစ်ပါတယ်။ ၁၉၇၁ - ရန်ကုန်ဝိဇ္ဖာ/သိပ္ပံတက္ကသိုလ်၌ B.A(LAW)LL.B ဘွဲ.ရရှိခဲ့ပြီး ရန်ကုန်ဥပဒေဌာန(အဝေးသင်)၌ အချိန်ပိုင်း နည်းပြလုပ်ခဲ့သူတစ်ဦးဖြစ်ပါသည်။ ပညာရေးကို စိတ်ဝင်စားပြီး၊ ကျောင်းသားကျောင်းသူ လူငယ်များရဲ့ပညာရေးကိုမြင့်တင်ပေးချင်သော ရည်ရွယ်ချက်ဖြင့် ၁၉၉၅ မှစတင်၍ မောချယ်ရီပညာရေးဘော်ဒါဆောင် ဖွင့်လှစ်တည်ထောင်ခဲ့ပါသည်။ ရန်ကုန်မြို.တွင်သာမက အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားပေါင်းစုံ လူငယ်များလာရောက်နေထိုင်ပြီး ပညာသင်ကြားပေးခဲ့သည့်နှစ်မှာ ယခုဆိုလျှင် အနှစ်(၂၀)တိုင်ခဲ့ပါပြီ။ ဤအနှစ် (၂၀)အတွင်း၌ ပညာတတ် ဆရာဝန်များ ၊ အင်ဂျင်နီယာများ ၊ စီးပွားရေးပညာရှင်များ နည်းပညာရှင်များမြောက်များစွားမွေးထုတ်ပေး နိုင်ခဲ့ပါသည်။ အင်္ဂလန် ၊ အမေရိကန် ၊သြစတြေးလျ ၊ စင်္ကာပူ ၊ထိုင်း စသည်. နိုင်ငံများသို့ ပညာသင်ရန်စီစဉ်ညွန်ကြား ပေးနိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မှစပြီး နိုင်ငံတော်မှ ပညာရေးမြင့်တင်ရန်အတွက် ပုဂ္ဂလိက အခန်းကဏ္ဍအဖြစ် ပုဂ္ဂလိကအထက်တန်းကျောင်းကိုဖွင့်ခွင့်ပြုခဲ့သဖြင့် ၂၀၁၃ ခုနှစ်မှစတင်ပြီး WINNERS' ACADEMY ကိုယ်ပိုင်အထက်တန်းကျောင်းကိုဖွင့်လှစ်ခဲ့ပါသည်။ အထက်ပါရည်မှန်းချက်အတိုင်း WINNERS' ACADEMY ကိုယ်ပိုင်အထက်တန်းကျောင်းရှိတည်ထောင်သူများ ၊ကျောင်းအုပ်ကြီးနှင့် ဆရာ ၊ ဆရာမများတို့သည် အပြောမဟုတ် အလုပ်ဖြင့်သက်သေပြခဲ့ပါသည်။ လုပ်သက်ရင့် အရည်အချင်းပြည့် စေတနာ့ဆရာကြီး၊ ဆရာမကြီးများဖြင့်သာ စုစည်းထားပြီး လူစားမထိုး ဘဲကိုယ်တိုင်ကြပ်မတ်လေ့ကျင့်သင်ကြားပေးပါသည်။ ဆိတ်ငြိမ်သော ပတ်ဝန်းကျင် ၊ သန့်ရှင်းသပ်ရပ်ကျယ်ဝန်းသော စာသင်ကျောင်းဖွဲ့စည်း၍စီမံ အုပ်ချုပ်သောကျောင်းဖြစ်ပါသည်။

MISSION

အနာဂတ်သားကောင်းများ ပညာရေးတိုးတက်မှု၊တိုင်းပြည်အတွက်အားထားရသည့် ဘက်စုံထူးချွန်ထက်မြက်သော ကျောင်းသား၊ကျောင်းသူလူငယ်များ ဖြစ်ရန် ရည်မှန်းချက်ဖြင့်ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။

Vision

တိုင်းပြည်၏ ပညာရေးအဆင့်မြင့်တင်မှုတွင် အရေးပါသည့် ပုဂ္ဂလိကစာသင်ကျောင်းဖြစ်ရန် "ယနေ. လူငယ် ၊နောင်လူကြီး" ဆိုသည့်စကားနှင့်အညီ ယနေ.ခောတ်လူငယ်များသည် အနာဂတ်နိုင်ငံ၏ မျိုးဆက်သစ်လူငယ်ဖြစ်သဖြင့် ပညာရေး ကဏ္ဍတိုးတက်မြင့်မားရေးအတွက် မိဘ၊ဆရာ ၊ကျောင်းသားနှင့် စုပေါင်းလျက် ရှေ.လုပ်ငန်းစဉ်များမှာစေတနာဖြင့်တိုးချဲ့ ပံ့ပိုးလုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း မိဘညီအကို မောင်နှမ နှင့် သားငယ်၊သမီးငယ်များ ကျောင်းသား၊ကျောင်းသူ လူငယ်များ အား သတင်းကောင်းပါးအပ်ပါသည်။

ဆရာ/မ စာရင်း

  • winners academy teacher list
    ဦးလေးညွန့်(ကထိက(ငြိမ်း))
  • winners academy teacher list
    ဒေါ်လီလီဘသိန်း(ပါမောက္ခ(ငြိမ်း))
  • winners academy teacher list
    ဒေါ်အေးအေးဟန်(B.Sc(Phys), B.Ed)
  • winners academy teacher list
    ဒေါ်နီနီဆင့်(ကထိက(ငြိမ်း))
  • winners academy teacher list
    ဒေါ်ယဉ်ယဉ်လှ(ကထိက(ငြိမ်း))
  • winners academy teacher list
    ဒေါ်ဆွေညွန့်လွင်(ကထိက(ငြိမ်း))
  • winners academy teacher list
    ဦးထွန်းရီ(ကထိက(ငြိမ်း))
  • winners academy teacher list
    ဦးမြင့်အုန်း(ပါမောက္ခ(ငြိမ်း))
  • winners academy teacher list
    ဦးသိန်းမြင့်(ပါမောက္ခ(ငြိမ်း))
  • winners academy teacher list
    ဦးMဇော်အောင်(M.A(English) Dip(ELTM))
  • winners academy teacher list
    ဦးသန့်ဇင်(M.A(English) (TEFL))
  • winners academy teacher list
    ဦးခင်မောင်ကြည်(တွဲဖက်ပါမောက္ခ(ငြိမ်း))
  • winners academy teacher list
    ဒေါ်နှင်းဝေလှိုင်(M.A(Myanmar))
  • winners academy teacher list
    ဒေါ်သီသီ(ပါမောက္ခ/ဌာနမှူး(ငြိမ်း) ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်)

Special Event

၅တန်းမှ၁၀တန်းအထိ တန်းခွဲများအားလုံး ၄.၅.၂၀၁၅ ရက်မှစတင်ဖွင့်လှစ်ပါမည်။